Skip to content

Testing Period, Please kindly contact our Facebook Page.

Refund & Exchange Policy

ပြန်လည် ရောင်းချ/ လဲလှယ် မှုအတွက် စည်းမျဉ်းများ


ပြန်လည် ရောင်းချမှုအတွက် စည်းမျဉ်းများ

မြတ်ပန်းသဇင်တွင် ဝယ်ယူအားပေးလျက်ရှိသော လူကြီးမင်းတို့အတွက် ပိုမိုကောင်းမွန်သော အရည်အသွေး နှင့်  သေသပ်လှပသော ဒီဇိုင်းများပေါင်းစပ်ထားသော ရတနာထည်များကို အကောင်းဆုံးသော ဝန်ဆောင်မှုများနှင့် ရောင်းချပေးနိုင်ရန် စဉ်ဆက်မပြက် ကြိုးစားလျက်ရှိပါသည်။ သို့သော် လူကြီးမင်းတို့ဖက်မှ အကြောင်းတစ်ခုခုကြောင့် ဝယ်ယူထားသော ရတနာထည်များအပေါ်မှာ ကျေနပ်မှုမရှိသောကြောင့် ပြန်လည်ရောင်းချနိုင်ရန်လည်း မြတ်ပန်းသဇင်မှ သင့်တင့်မျှတသော ပြန်လည်ရောင်းချမှု အတွက် စည်မျဉ်းများ သတ်မှတ်ပေးထားပါသည်။

ပြန်လည် ရောင်းချမှု ပြုလုပ်နိုင်ရန် အချက်များ

  • ပြန်လည်ရောင်းချမည့် ရတနာပစ္စည်းသည် မြတ်ပန်းသဇင်မှ ရောင်းချလိုက်သည့် မူလဒီဇိုင်း၊ မူလ အနေအထားအတိုင်းနှင့် ဘောက်ချာပါ စုစုပေါင်းအလေးချိန် တို့ ကိုက်ညီရပါမည်။
  • မြတ်ပန်းသဇင်မှ ဝယ်ယူထားသည့် မူရင်းဘောက်ချာ ပါရှိရပါမည်။

ပြန်လည် ရောင်းချမှုတွင် လုပ်ဆောင်သည့် အဆင့်များ

  • ပြန်လည်ရောင်းချမှု ပြုလုပ်နိုင်သည့် အချက်များနှင့် ကိုက်ညီမှုရှိလျှင် နှစ်အပိုင်းအခြားဖြင့် သတ်မှတ်ထားသော  အရောင်း/အလဲ ရာခိုင်နှုန်းများအတိုင်း ပြန်အမ်းငွေပမာဏကို တွက်ချက်ပေးပါမည်။
  • ပြန်အမ်းငွေပမာဏကို လူကြီးမင်းတို့ ပေးချေခဲ့သော မူလ ငွေပေးချေမှုနည်းလမ်းအတိုင်း ( ၃ ) ရက်အတွင်း ပြန်လည်လွဲပြောင်းပေးသွားမှာ ဖြစ်ပါသည်။
  • ပြန်လည်ရောင်းချမှု အဆင့်များ ဆောင်ရွက်ရန် လူကြီးမင်းတို့ဖက်မှ ( ၃ ) ရက်ကို သည်းခံစောင့်ဆိုင်းပေးလိုပါသည်။

ပြန်လည် လဲလှယ်မှုအတွက် စည်းမျဉ်းများ

မြတ်ပန်းသဇင်တွင် ဝယ်ယူအားပေးထားသော ရတနာထည်များကို လူကြီးမင်းတို့ဖက်မှ အကြောင်းတစ်ခုခုကြောင့် နောက်ထပ်ရတနာထည်များနှင့် လဲလှယ်ဝယ်ယူနိုင်ရန်အတွက်လည်း မြတ်ပန်းသဇင်မှ သင့်တင့်မျှတသော ပြန်လည်လဲလှယ်မှုအတွက် စည်မျဉ်းများ သတ်မှတ်ပေးထားပါသည်။

ပြန်လည် လဲလှယ်မှု ပြုလုပ်နိုင်ရန် အချက်များ

  • ပြန်လည်လဲလှယ်ရာတွင် မိမိဝယ်ယူထားသော ရတနာထည်နှင့် တန်ဖိုးတူ (သို့) တန်ဖိုးများသော ရတနာများနှင့်သာ လဲလှယ်မှု ပြလုပ်နိုင်မည် ဖြစ်ပါသည်။
  • ပြန်လည် လဲလှယ်မည့် ရတနာပစ္စည်းသည် မြတ်ပန်းသဇင်မှ ရောင်းချလိုက်သည့် မူလဒီဇိုင်း၊ မူလ အနေအထားအတိုင်းနှင့် ဘောက်ချာပါ စုစုပေါင်းအလေးချိန် တို့ ကိုက်ညီရပါမည်။
  • မြတ်ပန်းသဇင်မှ ဝယ်ယူထားသည့် မူရင်းဘောက်ချာ ပါရှိရပါမည်။

ပြန်လည် ရောင်းချမှုတွင် လုပ်ဆောင်သည့် အဆင့်များ

  • ပြန်လည်လဲလှယ်မှု ပြုလုပ်နိုင်သည့် အချက်များနှင့် ကိုက်ညီမှုရှိလျှင် နှစ်အပိုင်းအခြားဖြင့် သတ်မှတ်ထားသော  အရောင်း/အလဲ ရာခိုင်နှုန်းများအတိုင်း ပြန်လည်လဲလှယ်ရာတွင် အသုံးပြုနိုင်မည့် ငွေပမာဏကို တွက်ချက်ပေးမည် ဖြစ်ပါသည်။
  • ပြန်လည်လဲလှယ်ရာတွင် အသုံးပြုနိုင်သော ငွေပမာဏထက် ကျော်လွန်သော အသစ်လဲလှယ်ဝယ်ယူမည့် ပစ္စည်း၏တန်ဖိုးကို လူကြီးမင်းတို့ ပေးချေရမည် ဖြစ်ပါသည်။

ပြန်ရောင်း / ပြန်လဲ ရာခိုင်နှုန်းများ

  • ( ၁ ) နှစ် အတွင်း | အရောင်း ( -၈ ရာခိုင်နှုန်း )  | အလဲ ( -၅ ရာခိုင်နှုန်း ) 
  • ( ၁ ) နှစ် အထက် | အရောင်း ( -၅ ရာခိုင်နှုန်း ) | အလဲ ( ၀ ရာခိုင်နှုန်း ) 
  • ( ၂) နှစ် အထက် | အရောင်း ( +၁ ရာခိုင်နှုန်း ) | အလဲ ( +၂ ရာခိုင်နှုန်း ) 
  • ( ၃ ) နှစ် အထက် | အရောင်း ( +၁ ရာခိုင်နှုန်း ) | အလဲ ( +၃ ရာခိုင်နှုန်း ) 
  • ( ၄ ) နှစ် အထက် | အရောင်း ( +၂ ရာခိုင်နှုန်း ) | အလဲ ( +၄ ရာခိုင်နှုန်း ) 
  • ( ၅ ) နှစ် အထက် | အရောင်း ( +၂ ရာခိုင်နှုန်း ) | အလဲ ( +၅ ရာခိုင်နှုန်း ) 

ပြန်ရောင်း/ပြန်လဲ လက်မခံသည့် ပစ္စည်းများ

အထူးမှာယူထားသော စိတ်ကြိုက်အပ်ထည်များ

အထူးမှာယူထားသော စိတ်ကြိုက်အပ်ထည်များသည် လူကြီးမင်းတို့စိတ်ကြိုက် ပြုလုပ်ထားသော ရတနာထည်များဖြစ်၍ ပြန်လည်ရောင်းချနိုင်သော ပစ္စည်းများတွင် မပါဝင်ပါ။ အထူးမှာယူထားသော ရတနာများမှာ အောက်ပါအတိုင်း ပါဝင်နိုင်ပါသည်။

  • မိမိတို့ အပိုင်ကျောက်ပေး အပ်ထည်များ
  • မိမိတို့စိတ်ကြိုက် အရောင်စပ်ထားသော အော်ဒါထည်များ
  • မိမိတို့ စိတ်ကြိုက်ဒီဇိုင်းအော်ဒါထည်များ
  • ဘောက်ချာတွင် အထူးအော်ဒါထည် အနေဖြင့် ပြန်ရောင်း/လဲ မရဟု ရေးသားထားသော အထည်များ

အထူးလက်တိုင်း ဖြင့်မှာယူထားသော လက်စွပ်များ

လူကြီးမင်းတို့၏ လက်တိုင်းနဲ့ ကိုက်ညီရန် မြတ်ပန်းသဇင်တွင် ရရှိနိုင်သည့် လက်စွပ်များ၏ လက်တိုင်းကို ၂ ဆိုဒ်ကျဉ်း၊ ၂ ဆိုဒ်ချဲ့ လက်ခမဲ့ ပြုပြင်ပေးပါသည်။ ထို ၂ ဆိုဒ်ထပ်ပိုသော အထူးလက်တိုင်းပြုပြင်ခြင်းများနှင့် အထူးလက်တိုင်းဖြင့် အော်ဒါမှာယူသော လက်စွပ်များသည် ပြန်လည်ရောင်းချနိုင်သော ပစ္စည်းများတွင် မပါဝင်ပါ။ အထူးမှာယူထားသော လက်တိုင်းများမှာ အောက်ပါအတိုင်း ပါဝင်နိုင်ပါသည်။
  • အမျိုးသမီးဝတ် - လက်တိုင်း ၅ အောက် သေးသော လက်စွပ်များ
  • အမျိုးသမီးဝတ် - လက်တိုင်း ၁၃ အထက် ကြီးသော လက်စွပ်များ
  • အမျိုးသားဝတ် - လက်တိုင်း ၈ အောက် သေးသော လက်စွပ်များ
  • အမျိုးသားဝတ် - လက်တိုင်း ၁၅ အထက် ကြီးသော လက်စွပ်များ
  • မြတ်ပန်းသဇင်တွင် ရရှိနိုင်သော လက်တိုင်း၏ ၂ ဆိုဒ် ထက်ပိုမို ပြုပြင်ထားသော လက်စွပ်များ

နောက်ဆုံးအရောင်းဟု သတ်မှတ်ထားသော အရာများ

နောက်ဆုံးအရောင်းများဖြစ်၍ ပြန်လည်ရောင်းချနိုင်သော ပစ္စည်းများတွင် မပါဝင်ပါ။ နောက်ဆုံးအရောင်း ဆိုသည်မှာ အောက်ပါအတိုင်းသတ်မှတ်ပါသည်။
  • နောက်ဆုံးစေ◌ျးဖြင့် ပြန်ရောင်း/လဲ မရ ဖြင့် ရောင်းချလိုက်သော အထည်များ
  • Gift Voucher နှင့် Member cards များ
  • စိန်ကြွေများ၊ ကျောက်အကြွေများ
  • စိတ်ကြိုက်ဒီဇိုင်းဆန်း အော်ဒါအပ်ထည်များ

ပြန်ရောင်း/ပြန်လဲ အတွက်ဆက်သွယ်ရန် အချက်အလက်များ

လူကြီးမင်းများ မြတ်ပန်းသဇင် စိန်ရတနာဆိုင်ကြီးတွင် ရတနာဝယ်ယူဝတ်ဆင်ခြင်း၊ ပြန်လည် ရောင်းချ/လဲလှယ်ခြင်းများ အဆင်ပြေချေမွေ့စေရန် သတ်မှတ်ထားသော စည်းမျဉ်းများအပေါ်တွင် မေးမြန်းလိုသိများရှိပါက မြတ်ပန်းသဇင်၏ ဧည့်ကြို/အရောင်း ဖုန်းနံပါတ် ၀၉ ၈၉၀၀၀ ၆၃၂၀၊ ၀၉ ၈၉၀၀၀ ၆၃၂၁ တို့ကို ဆက်သွယ်မေးမြန်းနိုင်သလို၊ ဆိုင်သို့လည်း ကိုယ်တိုင်လာရောက် မေးမြန်းနိုင်ပါသည်။ ဝယ်ယူအားပေးမှုကို မြတ်ပန်းသဇင် မိသားစုမှ အထူးပင်ကျေးဇူးတင်ရှိပါသည်။